Playground
ကျယ်ဝန်းသော ကျောင်းပရ၀ုဏ်အတွင်းတွင် အပတ်စဉ်ကလေးငယ်များနှင့် ဆရာ/မများ ပူးပေါင်းပြီး သစ်ပင်ပန်းမန်များကို လေ့လာခြင်း၊ သဘာဝတိရစ္ဆာန်ကြက်၊ ငှက်၊ လိပ် စသည်ဖြင့် လေ့လာကြည့်ရှု ခြင်းဖြင့် ကလေးငယ်တို့၏ စူးစမ်း လေ့လာလိုစိတ်ကို ပိုမိုရှင်သန်လာစေသည်။ စိမ်းလန်းသော မြက်ခင်းပြင်တွင် လေကောင်း လေသန့် ရှုရှိုက်ရခြင်းကြောင့် ဦးနှောက်ကိုကြည်လင် လန်းဆန်းစေသည့် အပြင် ပညာသင်ယူရာတွင် စိတ်ဓာတ် တက်ကြွစွာဖြင့် လွယ်ကူစွာ သင်ကြားတတ်မြောက်စေသည်။ သဘာဝ ပတ်ဝန်းကျင် ကိုလည်း ချစ်မြတ်နိုးလာတတ်စေသည်။
- Playing with toys
- We are sliding
- Driving boy
- Children playing on the ground
Outdoor
- Dear deer!
- Say
Special Day/Special Program
သီတင်းကျွတ်ပွဲတော်၊ ခရစ္စမတ်ပွဲတော်နှင့် ကလေးသူငယ်တို့၏ မွေးနေ့ပွဲများ၊ Fruit Show ၊ Art Show တို့ကိုလည်း အခါအားလျော်စွာ ကျင်းပပေးသည်။ နှစ်တစ်နှစ်တိုင်း၏ အဆုံးသတ် Farewell ၌ ကလေးသူငယ်တို့၏ သီဆိုသရုပ်ဆောင် ဖျော်ဖြေမှုများဖြင့် ပျော်ရွှင်စွာနှုတ်ဆက်ကြသည်။